၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွက် ဗစ်တိုးရီးယားပြည်နယ် အစိုးရရုံးပိတ်ရက်များ
အားလပ်ရက် | ၂၀၂၂ | ၂၀၂၃ |
---|---|---|
နှစ်သစ်ကူးနေ့ |
စနေ ဇန်နဝါရီလ ၁ တနင်္လာ ဇန်နဝါရီလ ၃ (နှစ်သစ်ကူးနေ့သည် စနေနေ့တွင် ကျရောက်သောကြောင့် နောက်အပတ်တနင်္လာနေ့သည် ထပ်တိုးအစိုးရရုံးပိတ်ရက်ဖြစ်သည်) |
တနင်္ဂနွေ ဇန်နဝါရီလ ၁ တနင်္လာ ဇန်နဝါရီလ ၂ (နှစ်သစ်ကူးနေ့သည် တနင်္ဂနွေနေ့တွင် ကျရောက်သောကြောင့် နောက်အပတ်တနင်္လာနေ့သည် ထပ်တိုးအစိုးရရုံးပိတ်ရက်ဖြစ်သည်) |
ဩစတြေးလျားနေ့ | ဗုဒ္ဓဟူး ဇန်နဝါရီလ ၂၆ | ကြာသပတေး ဇန်နဝါရီလ ၂၆ |
အလုပ်သမားနေ့ | တနင်္လာ မတ်လ ၁၄ | တနင်္လာ မတ်လ ၁၃ |
ခရစ်တော် ထမြောက်ခြင်းပွဲတော်အကြို သောကြောနေ့* | သောကြာ ဧပြီလ ၁၅ | သောကြာ ဧပြီလ ၇ |
ခရစ်တော် ထမြောက်ခြင်းပွဲတော်အကြို စနေနေ့ | စနေ ဧပြီလ ၁၆ | စနေ ဧပြီလ ၈ |
ခရစ်တော် ထမြောက်ခြင်းပွဲတော် တနင်္ဂနွေနေ့ | တနင်္ဂနွေ ဧပြီလ ၁၇ | တနင်္ဂနွေ ဧပြီလ ၉ |
ခရစ်တော် ထမြောက်ခြင်းပွဲတော် တနင်္လာနေ့ | တနင်္လာ ဧပြီလ ၁၈ | တနင်္လာ ဧပြီလ ၁၀ |
ANZAC(အန်ဇက်)နေ့* | တနင်္လာ ဧပြီလ ၂၅ | အင်္ဂါ ဧပြီလ ၂၅ |
ဘုရင်မမွေးနေ့ | တနင်္လာ ဇွန်လ ၁၃ | တနင်္လာ ဇွန်လ ၁၂ |
ဩစတြေးလျား ဘောလုံးကစားနည်း အဖွဲ့ချုပ် AFL (အေ အဲ့ဖ် အယ်လ်) ဗိုလ်လုပွဲမတိုင်မီ သောကြာနေ့ | သောကြာနေ့ စက်တင်ဘာလ ၂၃ ရက် | AFL အစီအစဉ်ဇယားပေါ် မူတည်မည် † |
မယ်လ်ဘန် ဆုဖလားနေ့ | အင်္ဂါ နိုဝင်ဘာလ ၁ | အင်္ဂါ နိုဝင်ဘာလ ၇ |
ခရစ္စမတ်နေ့* |
တနင်္ဂနွေ ဒီဇင်ဘာလ ၂၅ အင်္ဂါ ဒီဇင်ဘာလ ၂၇ (ခရစ္စမတ်နေ့သည် တနင်္ဂနွေနေ့တွင် ကျရောက်သောကြောင့် နောက်အပတ်အင်္ဂါနေ့သည် ထပ်တိုးအစိုးရရုံးပိတ်ရက်ဖြစ်သည်) | တနင်္လာ ဒီဇင်ဘာလ ၂၅ |
ခရစ္စမတ်ပြီးနောက်နေ့ | တနင်္လာ ဒီဇင်ဘာလ ၂၆ | အင်္ဂါ ဒီဇင်ဘာလ ၂၆ |
† AFL (အေ အဲ့ဖ် အယ်လ်) ဗိုလ်လုပွဲမတိုင်မီ သောကြာနေ့သည် ထုံးစံအားဖြင့် စက်တင်ဘာလ၏ နောက်ဆုံးသောကြာနေ့ဖြစ်သည်။ ၂၀၂၃ AFL အစီအစဉ်ဇယားကို ထုတ်ပြန်သည့်အခါ၌ ရက်အတိအကျကို ဤဝက်ဘ်ဆိုက်တွင် သတ်မှတ်ဖော်ပြပါမည်။
မှတ်ချက်။ အစိုးရရုံးပိတ်ရက်များ အားလုံးသည် ထုတ်ဝေချိန်၌ တိကျမှန်ကန်သော်လည်း ပြောင်းလဲကောင်းပြောင်းလဲနိုင်ပါသည်။
မယ်လ်ဘန် ဆုဖလား နေ့ သည် မြို့တော်စာရင်းမဝင်သည့် ကောင်စီမှ ဒေသခံဆိုင်ရာ အခြား အစိုးရရုံးပိတ်ရက်အဖြစ် မစီစဉ်ထားသမျှကာလတ်လုံး ဗစ်တိုးရီးယားတစ်ခွင်လုံး၌ အစိုးရရုံးပိတ်ရက်ဖြစ်သည်။
* အရောင်းအဝယ် ကန့်သတ်ထားသော ရက်များ
ဗစ်တိုးရီးယား ဥပဒေအရ အရောင်းအဝယ်ကန့်သတ်ထားသောရက်များကို အောက်ပါအတိုင်း နှစ်စဉ် နှစ်ရက်ခွဲ သတ်မှတ်ထားသည်။
- ခရစ်တော် ထမြောက်ခြင်းပွဲတော် အကြို၊ သောကြာနေ့
- ခရစ္စမတ်နေ့
- ANZAC(အန်ဇက်) နေ့တွင် နံနက် ၁၂.၀၁ နာရီမှ မွန်းလွဲ ၁ နာရီကြားအထိဖြစ်သည်။
ဤသီးသန့်နေ့များတွင် ကင်းလွတ်ခွင့်ရှိသော ဆိုင်များသာ ဖွင့်ခွင့်ရှိသည်။
ကင်းလွတ်ခွင့်ရှိသော ဆိုင်များမှာ အဘယ်နည်း။
ကင်းလွတ်ခွင့်ရှိသော ဆိုင်များမှာ အောက်ပါ စံညွှန်းဝင် စီးပွားရေးလုပ်ငန်းများဖြစ်သည်။
- အရောင်းအဝယ် ကန့်သတ်ထားသောရက်တစ်ခု အတောအတွင်း မည်သည့်အချိန်မဆို ထိုဆိုင်တွင် အလုပ်သမား အယောက် ၂၀ သို့မဟုတ် ၎င်းအောက်ရှိသည့်ဆိုင်များ
- အရောင်းအဝယ် ကန့်သတ်ထားသောရက် မတိုင်မီ ကပ်လျက် ခုနှစ်ရက် အတောအတွင်း မည်သည့်အချိန်မဆို ထိုစီးပွားရေးလုပ်ငန်းအပြင် ၎င်းနှင့် စပ်ဆက်ရာ လုပ်ငန်းများတွင် ခန့်ထားသော အလုပ်သမားအရေအတွက် အယောက် ၁၀၀ ထက် မပိုသောဆိုင်များ
အရောင်းအဝယ် ကန့်သတ်ထားသောရက်များဆိုင်ရာ ကင်းလွတ်ခွင့်များ
အချို့သော စီးပွားရေးလုပ်ငန်းများအတွက် မည်သည့် အရောင်းအဝယ် ကန့်သတ်ထားသောရက်များမျှ မရှိပါ။ ဤစီးပွားရေးလုပ်ငန်းများသည် တစ်နှစ်ပတ်လုံး မည်သည့်အချိန်၌မဆို စိတ်ကြိုက်ဖွင့်နိုင်ကြသည်။ ကင်းလွတ်ခွင့်ရှိသော စီးပွားရေးလုပ်ငန်း အမျိုးအစားများမှာ၊
- ဆေးနှင့် အလှကုန်ပစ္စည်းဆိုင်များ
- ဓာတ်ဆီဆိုင်များ
- စားသောက်ဆိုင်များ
- ကဖီးဆိုင်များ
- အစားအစာများကို အထုပ်နှင့် ဝယ်ယူသွားနိုင်သောဆိုင်များ
- ဝန်ဆောင်မှုပေးသူများ
- အငှားဆိုင်များ (ဗီဒီယိုငှားရမ်းဆိုင်များ အပါအဝင်) ဖြစ်ကြပါသည်။
အရောင်းအဝယ် ကန့်သတ်ထားသောရက်များ၌ ညနက်အရောင်းအဝယ်လုပ်ခြင်းနှင့် အရက်ထုတ်ပေးခြင်း
စားသောက်ဆိုင်များ၊ ကဖီးများ၊ အရက်ခန်းများ၊ အသင်းများနှင့် အရက်ရောင်းဆိုင်များကဲ့သို့သော စီးပွားရေးလုပ်ငန်းများအတွက် အရောင်းအဝယ် ကန့်သတ်ထားသောရက်များ၌ အရက်ရောင်းဝယ်ဖောက်ကားခြင်းအပေါ် အပိုဆောင်းကန့်သတ်ထားချက်များ ရှိကောင်းရှိနိုင်မည်ဖြစ်သည်။ နောက်ထပ်အချက်အလက်များကို သိရှိရန်အတွက် ကျေးဇူးပြု၍ Victorian Commission for Gambling and Liquor Regulation (အလောင်းအစားနှင့် အရက်တို့ဖြင့်စပ်လျဉ်းသော စည်းမျဉ်းများဆိုင်ရာ ဗစ်တိုးရီးယား ကော်မရှင်အဖွဲ့) ထံ၌ စုံစမ်းပါ။
အန်ဇက်နေ့ဆိုင်ရာ အပိုဆောင်း ကန့်သတ်ချက်များ
အထက်ပါ သတ်မှတ်ချက်များအပြင် အန်ဇက်နေ့ (ဧပြီလ ၂၅ ရက်) တွင် ထိုနေ့ မွန်းလွဲ ၁ နာရီ မတိုင်မီ အောက်ပါ စီးပွားရေး ဌာနများ၌ ဖွင့်လှစ်လုပ်ကိုင်ပိုင်ခွင့် လုံးဝမရှိရ။
- ရုပ်ရှင်ရုံ (အတွင်း၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ)
- စင်တင် ကခုန်ပွဲ သို့မဟုတ် တီးမှုတ်ပွဲ၊ တေးဂီဖျော်ဖြေပွဲ သို့မဟုတ် ပြဇာတ်တို့အပါအဝင် အခြားဖျော်ဖြေရေးအစီအစဉ်များ
- အိမ်ခြံမြေ လေလံပွဲများ။
အန်ဇက်နေ့၌ စက်ရုံများနှင့် ကုန်လှောင်ရုံများ
စက်ရုံများ သို့မဟုတ် ကုန်လှောင်ရုံများ သို့မဟုတ် အဆောက်အအုံ တစ်စုံတစ်ရာတွင် ကုန်ပစ္စည်းထုတ်လုပ်နေသည့် စီးပွားရေးလုပ်ငန်းများအတွက် အန်ဇက်နေ့ဆိုင်ရာ အက်ဥပဒေပါ သတ်မှတ်ဖော်ပြထားသော စံနှုန်းများနှင့်အညီ အန်ဇက်နေ့ တစ်နေ့လုံး စီးပွားရေးလုပ်ငန်းများကို ပိတ်ထားရမည်။
အန်ဇက်နေ့တွင် ဖွင့်လှစ်ခြင်းနှင့် လုပ်ငန်းလည်ပတ်မှုတို့နှင့် စပ်လျဉ်း၍ နောက်ထပ်အချက်အလက်များကို သိရှိလိုပါက ANZAC Day Act(အန်ဇက်နေ့ဆိုင်ရာ အက်ဥပဒေ) ကို မှီငြမ်းပါ။
သင့်ပြက္ခဒိန်တွင် အသုံးပြုရန်အတွက် Victorian public holidays dates (iCAL) (ဗစ်တိုးရီးယားပြည်နယ် အစိုးရ ရုံးပိတ်ရက်များ) ကို ဒေါင်းလုပ် လုပ်ပါ။